About Kglay

My photo
ကျနော့် ဘလော့လေးထဲကို ၀င်ရောက်ကြည့်ရှုကြတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်

Tuesday, November 22, 2011

ကဗျာလေး နောက်တစ်ပုဒ်ပေါ့နော်(တစ်ယောက်သောသူအတွက်)

"မျှော်လင့်ခွင့်"

အချစ်ကို အသိဉာဏ်နဲ့
ချုပ်နှောင်ထားပေမယ့်
နှလုံးသားကတော့
ထွက်ပေါက်တစ်ခုပေးစမြဲပါ.....
ငါဒူးထောင် လက်မြှောက်
တိုက်ပွဲမစခင်ကတဲက
အရှုံးပေးထားပြီးသားပါ
ငါ့ ရင်ဘတ်ထဲက
မေတ္တာတရားနန်းတော်ကြီးထဲမှာ
မြတ်နိုးမှုတွေ ၀န်းရံခစားလို့
ဖြူစင်မှုနဲ့ သက်သေပြချင်တာပါ
ငါ့ရဲ့ ဆန္ဒအမှန်ပါ
ရင်ခုန်လှိုက်ဖိုနေတဲ့
နှလုံးသားတစ်စုံရဲ့ ဆန္ဒကိုတော့
မင်းနားလည်ပေးနိုင်မယ်လို့ 
ငါမျှော်လင့်ပါရစေ
                                                         အိမ်ပြေး

No comments:

Post a Comment

^ အပေါ်သို့